ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌ ယနေ့ ဩဂုတ်လ (၆) ရက်တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ရန်ရောက်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြန်မာလူငယ်တစ်စု သွားရောက်စုဝေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြကြောင်း ထိုင်းသတင်းများအရ သိရသည်။ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သော အစိုးရအဖွဲ့သည် ထိုင်းဝန်ကြီးချုပ် မစ္စတာအနုတင်နှင့်တွေ့ဆုံပြီး ဩဂုတ်လ(၆)ရက်မှ(၇)ရက်နေ့အထိ နှစ်နိုင်ငံကိစ္စဆွေးနွေးရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းကိုဆန္ဒဖော်ထုတ်သည့်အနေဖြင့် မြန်မာလူငယ်အချို့သည် “ရာဇဝတ်ကောင်ကိုမကြိုဆိုပါ” ဘန်နာများကိုင်ဆောင်ကာ သွေးသစ္စာ၊ ကမ္ဘာမကြေဘူး စသည့် နွေဦးတော်လှန်ရေးသီချင်းများဖြင့် ယနေ့တွင် ဘန်ကောက်ရှိ UN ရုံးရှေ့၌ ကြွေးကြော်ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။ “မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဆိုတာ ဘယ်သူမှလက်မခံပါဘူး။ သူ့ကိုဘယ်သူမှ ခေါင်းဆောင်လို့မသတ်မှတ်ဘူး။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ စစ်အာဏာရှင်နဲ့ဆွေးနွေးမယ့်အစား ပြည်သူ့အစိုးရနဲ့ပဲစကားပြောသင့်ပါတယ်” ဟု ဆန္ဒပြသူလူစုအဖွဲ့ […]